ရမည်းသင်း ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ ၁၅ ရက်တွင် နံနက် ၈ နာရီခွဲမှစတင်၍ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
ရမည်းသင်းမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင်လည်း ရေပက်ကစားကြသူများ၊ ရေပက်ခံသူများဖြင့် မြို့ပေါ်လမ်းမများတွင် စည်ကားလျက်ရှိပြီး မြို့လယ်လမ်းမကြီးတစ်လျှောက် ရေကစားမဏ္ဍပ်ကြီး/ငယ်များဖြင့်လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် လည်း ရေပက်ကစားသူများနှင့်စည်ကားသိုက်မြှိုက်လျက်ရှိသည်။ ထို့ပြင် ရန်ကုန်-မန္တလေးကားလမ်းမဘေး နာရီစင်အနီးလမ်းမ မှ မြို့မ(အထက)ကျောင်းရှေ့မဏ္ဍပ်အထိ ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ လမ်းလျောက်သင်္ကြန် တွင်လည်းဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်း ပြိုင်ပွဲများ၊ ရေပက်ကစားသူများ၊ ရေပက်ခံလာကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် တစ်မြို့လုံးတွင် မြူကြွ သည့် သင်္ကြန်သီချင်းသံများ ဖုံးလွှမ်းလျက် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကာ ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားဘာဝနာပွားများကြသူ များ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ကုသိုလ်အလှူဒါန ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ခရိုင်ပြန်/ဆက်