မင်္ဂလာတောင်ညွန့် ဇွန် ၂၁
လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် အများပြည်သူလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အထက်ပန်းဆိုးတန်းလမ်းရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးချစ်ဆောင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒရည်မှန်းချက်များ၊ ပြည်သူ့အတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းစဉ်များ၊ လျှပ်စစ်ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးတင်ထွန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမြင် ဗဟုသုတများကိုလည်းကောင်း မျှဝေဟောပြောခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့သည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ /ဆရာမများ၊ကျောင်းသားများ စုစုပေါင်းအင်အား ၃၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြတ်မြတ်အေး(ပြန်/ဆက်)