မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊ မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာ၀န်ရှိသူများက အမှတ်(၃၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းထ(ခွဲ) ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များစစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)