ရန်ကုန်တိုင်းဒေသကြီး

ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသက်အသုံးပြုခြင်းအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နေ့လယ်(၁၂)နာရီအချိန်က ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အလုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထက်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပံ့ပိုးငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် One Village One Product (OVOP)အစီအစဉ်ဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်းဆောင်ရွက်ကြမည့် သမဝါယမအသင်းသားများအား ပံ့ပိုးငွေပေးအပ်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

သာကေတမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်း ဖွဲ့စည်းထားရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီက သာကေတမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အ.မ.က (ငါးခုမ္မစမ်း)၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ငါးခုမ္မစမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အလုံခရိုင် အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေး ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်

အလုံခရိုင်၊ အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေးရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဌာနာလမ်းထောင့်စုရပ်မှစတင်၍ ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံတည်နေရာများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သတ်မှတ်မဲရုံ (၁၂၇)ရုံထိရှိပြီး အောက်တိုဘာလ(၁၄)ရက်နေ့က မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိသတ်မှတ်မဲရုံ တည်နေရာများကို အောက်တိုဘာလ(၁၄)ရက်နေ့က တာဝန်ရှိသူများက ဆက်လက်၍ အဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကမာရွတ်မြို့နယ်တွင် မူလတန်း ကျောင်းသား/ ကျောင်းသူကလေးငယ်များ အားစနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေ ရေးဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်​တွင်ကမာရွတ် မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းသို့သွား​ရောက်၍ KG​ကျောင်းသား/ ​ကျောင်းသူ​လေးများအား စနစ်မှန်​သော သွားတိုက်နည်းစနစ်ရရှိ​စေ​ရေးနှင့်မူမှန်​သောအလေ့အကျင့်များ ဘဝတ​​လျှောက်လုံးစွဲမြဲကျင်းသုံး​စေရန်ရည်ရွယ်၍ လေ့ကျင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး