အလုံခရိုင် အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေး ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်

အလုံ အောက်တိုဘာ ၁၆

အလုံခရိုင်၊ အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေးရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဌာနာလမ်းထောင့်စုရပ်မှစတင်၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း(MPT)မှ တာဝန်ခံအင်ဂျင်နီယာ ဦးညိုမင်းသူပါအဖွဲ့များ၊ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများ၊ ဝန်ဆောင်မှုပေးသော ကုမ္ပဏီဝန်ထမ်းများ ပါဝင်သော အင်အား(၁၅)ဦးခန့်ဖြင့် ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ စည်ပင်(အင်ဂျင်နီယာဌာန) လမ်းနှင့်တံတားတာဝန်ခံ ဒေါ်ခင်မိုးသက်တို့မှ အနီးကပ်ကြမ်မတ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယောဧရာ မြို့နယ်(ပြန်/ဆက်)