ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအခမ်းအနား ကျင်းပ

ကြည့်မြင်တိုင် အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသက်အသုံးပြုခြင်းအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နေ့လယ်(၁၂)နာရီအချိန်က ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အလုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထက်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအတွက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို သရုပ်ပြသကြရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လက်တွ့စမ်းသပ်သရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ အလုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မသန်စွမ်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)