ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

ခရမ်း အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ ပါရှိမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နဲ့ ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်များ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)