သာကေတ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်း ဖွဲ့စည်းထားရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီက သာကေတမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး သာကေတမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမင်းမင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်တို့က အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများကို ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ မြို့နယ် လျှပ်စစ်မန်နေဂျာဦးညွန်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ AEO ဦးသိန်းကြွယ်ဌေး၊ လ.ဝ.က ဦးစီးမှူး ဦးစိုးမိုးထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်၊ အရန်မီးသတ်တပ်ခွဲမှူးများ၊ ဒုတိယတပ်ခွဲမှူးများ၊ တပ်စုမှူးများနှင့် သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် သင်တန်းမှူးအဖြစ် မြို့နယ်မီးသတ်ဦးဌာန ဦးစီးအရာရှိ ဦးမင်းမင်း၊ ဒုတိယသင်တန်းမှူးအဖြစ် ဒုတိယဦးစီးမှူး ဦးနေဝင်းထွန်း၊ နည်းပြများအဖြစ် တပ်ကြပ်ကြီး ငြိမ်းချမ်းဆွေ၊ တပ်ကြပ်ကြီးအောင်ဖြိုးမင်းနှင့် တပ်ကြပ်ကြီးဇော်ဇော်နိုင်တို့က သင်တန်းသား ၅၀ဦးတို့အား မီးသတ်ပညာဘာသာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များ၊ ဥပဒေ/နည်းဥပဒေများ၊ မီးသတ်ပစ္စည်းကိရိယာများအကြောင်းတို့ကို အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၁၅ ရက်နေ့ထိ စာတွေ့လက်တွေ့များ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
သဲထက်ဇင် (ပြန်/ဆက်)