မြောက်ဥက္ကလာပ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမိုးသူက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာ၀န်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစလိုကြောင်းနှင့် မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ဌာနဆိုင်ရာများ အပါတ်စဉ် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ မိမိတို့မြို့နယ်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း စသည့်တို့ကိုပြောကြားခဲ့ပြီး ဌာနများအလိုက် မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)