ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်ကမာရွတ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ KGကျောင်းသား/ ကျောင်းသူလေးများအား စနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေရေးနှင့်မူမှန်သောအလေ့အကျင့်များ ဘဝတလျှောက်လုံးစွဲမြဲကျင်းသုံးစေရန်ရည်ရွယ်၍ လေ့ကျင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလေ့ကျင့်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး(သွားကျန်းမာ)နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၊ သာကေတမြို့နယ် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ ရန်ကုန်တက္ကသိုလ်များဆေးရုံတို့မှလက်ထောက်သွားနှင့်ခံတွင်း ဆရာဝန်များ ပူးပေါင်း၍ ကျန်းမာရေးပညးပေးခြင်း after lunch tooth brushing လုပ်ငန်း ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
စိမ်းလဲ့(ပြန်တက်)