သင်္ဃန်းကျွန်းမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများအား ပြည်သူများလာရောက်ကြည့်ရှု

သင်္ဃန်းကျွန်း  အောက်တိုဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါ/မပါ၊မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုရှိ/မရှိကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  အောက်တိုဘာ ၂၀ ရက်အထိ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများလာရောက်ကြည့်ရှုလျက်ရှိသည်။ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး စာရင်းဇယားများအရ ငမိုးရိပ်ရပ်ကွက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၄၀၅)ဦးရှိကြောင်း  သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)