ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက် 

ပုဇွန်တောင် အောက်တိုဘာ ၂၀ 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်၊ ဝတ်ကျောင်းလမ်းနှင့် ရေကျော်လမ်း‌ထောင့်ရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်း​ရေးလုပ်ငန်းများ ဆောင်ရွက်သည်။

ရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်း​ရေးလုပ်ငန်းများဆောင်ရွက်ပြီး ထွက်ရှိလာသောအမှိုက်နှင့် မြောင်းချေးများကို မော်တော်ယာဉ်ဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းမကြီးများရှိ​ ရေနုတ်​မြောင်းများအား​​ ရေစီး​ရေလာ​ကောင်းမွန်​စေရန် နေ့စဉ်ရှင်းလင်းပေးလျက်ရှိသည်။

ဟန်စုယဉ်