အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် အင်းစိန်ခရိုင် ပြန်/ဆက်နှင့် ဆရာအောင်မြင့်သောင်း(ဘူမိဗေဒ)တို့ပူးပေါင်းကျင်းပသော အင်းစိန်ကြာသပတေး စာပေစကားဝိုင်း ကျင်းပ

အင်းစိန် ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဇွန်လ(၁၈)နေ့  နေ့လယ်ပိုင်းက အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဆရာအောင်မြင့်သောင်း (ဘူမိဗေဒ)တို့ ပူးပေါင်းကျင်းပသော အင်းစိန်ကြာသပတေး စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာပေစကားဝိုင်း ဆွေးနွေးပွဲတွင်  အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်ကြာသပတေးစာပေစကားဝိုင်းမှ စာရေးဆရာ လဝန်းလဲ့ပြာ၊ ဆရာမောင်ပန်းဝေ (ညောင်တုန်း) မုန်းမာန်ခ၊ ဆရာမလှိုင်​မေသစ်ဦးကြည်၊ဆရာမမေရန်ကုန်တို့က မုဒိတာစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ စာပေစကားဝိုင်းတက်ရောက်လာသူများထဲမှ စာရေးဆရာ လဝန်းလဲ့ပြာက `စာဖတ်ကြသည်ဆိုရာဝယ်´ ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် စာရေးဆရာများက အပြန်အလှန်ဆွေးနွေးကြပြီး စာရေးဆရာ လဝန်းလဲ့ပြာက ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တက်ရောက်လာသော  စာရေးဆရာများက  ပြန်လည် ဆွေးနွေးခဲ့ကြပြီး၊ ဆရာအောင်မြင့်သောင်း (ဘူမိဗေဒ)က ကျေးဇူးတင်စကား ပြောကြား ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)