ခရမ်း ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “စာရေးဆရာနန္ဒာသိန်းဇံ ရေးသားသည့်” “မှန်သောစကားကိုဆိုခြင်းနှင့်ပတ်သက်သောမှတ်ချက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်က ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Book Club အဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် “မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ” စာအုပ်တွင် လူတိုင်းသည် ဘ၀ရှင်သန်ရပ်တည်ရေးအတွက် နေ့စဥ်ရုန်းကန်နေကြရသည့်အတွက် ကိစ္စမျိုးစုံကြုံတွေ့ရမည်ဖြစ်ကြောင်း၊ စကားကိုချိုသာစွာ ပြောဆိုသင့်ပါကြောင်းနှင့် ယဥ်ကျေးသိမ်မွေ့ပြီး လူကြီးမိဘများကို ရိုသေလေးစားသူသည် အကျိုးများစွာရရှိ ခံစားစေနိုင်မည်ဖြစ်ပါကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မအေးသီရိကပြေပြစ်စွာ ပေါင်းသင်းဆက်ဆံတတ်ခြင်းသည် လူတစ်ဦး၏ အဖိုးတန်လှသည့် အရာတစ်ခုပင်ဖြစ်ပါကြောင်း၊ စိတ်ကောင်းစေတနာရှိသူကို လူတိုင်းကချစ်ခင်လေးစားကြမည်ဖြစ်ပါကြောင်းနှင့် မှန်သောစကားကိုဆိုခြင်းဖြင့် အောင်မြင်မှုများစွာကို ရရှိနိုင်မည်ဖြစ်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)