ဒဂုံတောင် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က လုံခြုံရေး၊ ပညာရေး ၊ ကျန်းမာရေး၊ ဒေသတွင်းသန့်ရှင်းသာယာလှပရေး၊ အားကစားလှုပ်ရှားမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသောဌာနဆိုင်ရာများက နိုင်ငံသားကတ်လုပ်ဆောင်ပေးမှုများ၊ ပညာရေး၊ကျန်းမားရေး၊အားကစား၊ ဒေသတွင်းသန့်ရှင်းသာယာရေး၊ ပြည်သူ့စကားဝိုင်းများ ကျင်းပရေး စသည့်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)