ရန်ကုန် ဇွန် ၂၀
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ကျောင်းသူများ လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သင်တန်းဆင်း အမှာစကား ပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြည်ထောင်စုတိုင်းရင်းသား လူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၆)သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၆) သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် သင်တန်းမှတ်တမ်း ဓာတ်ပုံများ၊ နံရံကပ်ကဗျာများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများစသည်တို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၀၃)ဦးဖြင့် ၂၀၂၆ ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ ဇွန်လ (၁၉)ရက်နေအထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)