ရှမ်းပြည်နယ်

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။

ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ရှမ်းပြည်နယ်အတွင်းရှိ မက်မန်း၊ မောက်မယ်၊ ကလော၊ ကျေးသီး၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ လွိုင်လင်၊ မိုင်းခတ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းရှူး၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယု၊ မူဆယ်၊ နမ့်စန်၊ ညောင်ရွှေ၊ ပင်လောင်း၊ ပင်းတယ၊ ဆီဆိုင်၊ တန့်ယန်း၊ ရွာငံ၊ ရပ်စောက် အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲဥက္ကဋ္ဌ ဟိုပုံးမြို့ ထမနဲစုပေါင်းအလှူပွဲသို့ တက်ရောက်အားပေး

တပို့တွဲလရောက်သည့်အခါသမယ၌ အနယ်နယ်အရပ်ရပ်ရှိ ဒေသခံပြည်သူများတို့က စုပေါင်းထမနဲထိုးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး‌၌ ယမန်နေ့ညနေ ၅ နာရီက စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့ပေါ် (၆)ရပ်ကွက်မှ ဒေသခံပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပိုတွဲလပြည့်နေ့တွင် ကပ်လှူနိုင်ရန်အတွက် စုပေါင်းထမနဲထိုးခဲ့ကြကြောင်း သိရသည်။

ဟိုပုံးမြို့နယ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တက်ရောက်အားပေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၄) နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ရှိ ကျောက်တိုင်ကွင်းတွင် ကျင်းပသည်။

မိုင်းဆတ်မြို့၌ ကျောင်းအခြေပြုမီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းအခြေပြုမီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ ကျောင်းအခြေပြု မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းအခြေပြု မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် (၄)ခရိုင် အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သော (၄)ခရိုင်အမျိုးသား (အလွတ်တန်း)ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။

ပင်လုံမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်