ဟိုပုံး ဖေဖော်ဝါရီ ၁၂
တပို့တွဲလရောက်သည့်အခါသမယ၌ အနယ်နယ်အရပ်ရပ်ရှိ ဒေသခံပြည်သူများတို့က စုပေါင်းထမနဲထိုးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ယမန်နေ့ညနေ ၅ နာရီက စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့ပေါ် (၆)ရပ်ကွက်မှ ဒေသခံပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပိုတွဲလပြည့်နေ့တွင် ကပ်လှူနိုင်ရန်အတွက် စုပေါင်းထမနဲထိုးခဲ့ကြကြောင်း သိရသည်။
အစဉ်အလာမပျက် ထမနဲထိုးပွဲတော်ကို ပြိုင်ပွဲအနေဖြင့်မဟုတ်ဘဲ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့်အလေ့အထဖြင့် ထမနဲထိုးခဲ့ကြပြီး ရရှိလာသည့်ထမနဲများကို သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၊ ဟိုပုံးမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် မိုးကုတ်ဓမ္မရိပ်သာသို့ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မြို့ပေါ်(၆)ရပ်ကွက်တို့မှ ထမနဲဆွမ်းလှူဒါန်းကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါထမနဲစုပေါင်းအလှူပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)