ရှမ်းပြည်နယ်

နမ့်စန်မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဒုတိယအကြိမ် ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါမြို့မစည်ပင်သာယာဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်” စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်”စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာရှိ အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ် နာရီအချိန်က ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားကြပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ‌ဒေသအားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရုံးဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်းတွင် ပြုလုပ်သည်။

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျိုင်းတုံခရိုင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။

ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ရှမ်းပြည်နယ်အတွင်းရှိ မက်မန်း၊ မောက်မယ်၊ ကလော၊ ကျေးသီး၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ လွိုင်လင်၊ မိုင်းခတ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းရှူး၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယု၊ မူဆယ်၊ နမ့်စန်၊ ညောင်ရွှေ၊ ပင်လောင်း၊ ပင်းတယ၊ ဆီဆိုင်၊ တန့်ယန်း၊ ရွာငံ၊ ရပ်စောက် အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲဥက္ကဋ္ဌ ဟိုပုံးမြို့ ထမနဲစုပေါင်းအလှူပွဲသို့ တက်ရောက်အားပေး

တပို့တွဲလရောက်သည့်အခါသမယ၌ အနယ်နယ်အရပ်ရပ်ရှိ ဒေသခံပြည်သူများတို့က စုပေါင်းထမနဲထိုးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး‌၌ ယမန်နေ့ညနေ ၅ နာရီက စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့ပေါ် (၆)ရပ်ကွက်မှ ဒေသခံပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပိုတွဲလပြည့်နေ့တွင် ကပ်လှူနိုင်ရန်အတွက် စုပေါင်းထမနဲထိုးခဲ့ကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်