မိုင်းဆတ်မြို့၌ ကျောင်းအခြေပြု မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းအခြေပြု မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်က မီးဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများ၊ မီးသတ်ဆေးဘူး ကိုင်သွယ်အသုံးပြုနည်းများကို ရှင်းလင်းဟောပြောပြီး ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် (၂၃) ဦးက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြရာ ကျောင်းသား၊ ကျောင်းသူများကလည်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို အမှတ်(၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)