ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဟိုပုံး    ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ‌ဒေသအားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရုံးဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်းတွင် ပြုလုပ်သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်၌ မြို့နယ်စည်ပင်သာယာရေးဌာန ပိုက်ကျော်ခြင်းအသင်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာန ပိုက်ကျော်ြခင်းအသင်းတို့ ယှဉ်ပြိုင်နေမှုများကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပိုက်ကျော်ခြင်းဝါသနာရှင်များက ကြည့်ရှုအားပေးသည်။ ပြိုင်ပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနအသင်းက မြို့နယ်စည်ပင်သာယာရေးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဒုတိယဆုရရှိသည့် မြို့နယ်စည်ပင်သာယာရေးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က ပထမဆုရရှိသည့် မြို့နယ်မီးသတ်ဦးစီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားစုကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပထမဆုရရှိသည့် မြို့နယ်မီးသတ်ဦးစီးဌာနအသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး အဆိုပါပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း(၁၀)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)