လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လွိုင်လင် ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်မှ ကျန်းမာရေးအကြောင်းသိကောင်းစရာများအား ဟောပြောပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပလပ်စတစ်သုံးစွဲမှု၏ ဆိုးကျိုးများအကြောင်းဟောပြောပေးခဲ့သည်။

ယင်းနောက် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက  မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)