လွိုင်လင် ဖေဖော်ဝါရီ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်မှ ကျန်းမာရေးအကြောင်းသိကောင်းစရာများအား ဟောပြောပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပလပ်စတစ်သုံးစွဲမှု၏ ဆိုးကျိုးများအကြောင်းဟောပြောပေးခဲ့သည်။
ယင်းနောက် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)