မိုးနဲ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်နေပြည်သူများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နာဟောင်ရပ်ကွက်ရှိနေအိမ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နေအိမ်တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ရပ်ကွက်အတွင်းရေရှိရေးနှင့် မီးသတ်ယာဉ်ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်ထားရှိမှု၊ ရေသိုလှောင်ထားမှုနှင့် သန့်ရှင်းရေးပြုလုပ်မှုတို့ကို ကြည့်ရှုဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)