တန့်ယန်းမြို့နယ်တွင် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်း

တန့်ယန်း ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆက်ကပ်လှူဒါန်းခြင်းတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော်သာသနဓဇဓမ္မာစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယထံမှ ခရိုင်အဆင့်မှ တာဝန်ရှိသူများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်၍ လှူဒါန်းဖွယ်ရာများအား ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းကိုလည်း ဆက်လက်လှူဒါန်းခဲ့ကြောင်းနှင့်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ သံဃာအပါး (၉၂၂)ပါး ဝင်ရောက်ဖြေဆို ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)