ရှမ်းပြည်နယ်

မိုင်းတုံ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းရှိ အစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာပြည်သူ (၁၀) ဦးအား နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် (၂၀,၀၀ဝိ) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀ဝိ) ကျပ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်အဆင့် ရှာဖွယ်ကယ်ဆယ်ရေးသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ညောင်ရွှေမြို့၌ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ကယ်တင်ဆောင်ရွက်မှုများ ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့ရှိ အ.ထ.က(တာလေ)တွင် Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အခြေခံပညာဦးစီးဌာနမှ Grade-1 ကျောင်းသား၊ကျောင်းသူ(၇၀)ဦးအား ကျောင်းတွင်း‌အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အ.ထ.က(တာလေ)တွင် ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

မိုင်းရှူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်