ညောင်ရွှေ ဖေဖော်ဝါရီ ၁၇
မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ကယ်တင်ဆောင်ရွက်မှုများ ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညောင်ရွှေမြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးမိုးနိုင်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူဟိန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်ကြားပို့ချသွားမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ညောင်ရွှေမြို့နှင့် မြို့နယ်အတွင်းမှ သင်တန်းသားဦးရေ (၅၀)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ (၁၇-၂-၂၀၂၅)ရက်နေ့မှ (၂၈-၂-၂၀၂၅)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ