ကျိုင်းတုံမြို့နယ်အဆင့် ရှာဖွယ်ကယ်ဆယ်ရေးသင်တန်းဖွင့်

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းကို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များမှ ထိရောက်လျင်မြန်သော တုံ့ပြန်ဆောင်ရွက်နိုင်သော ရှာဖွေကယ်ဆယ်ရေးစွမ်းဆောင်ရည်များ တိုးတက်လာစေရန်၊ နိုင်ငံတကာ၌ အသုံးပြုနေသည့်ခေတ်မီ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေးနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က သင်တန်းသား သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်သည်။ အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှ သင်တန်းသား စုစုပေါင်း (၅၀) ဦး တက်ရောက်ကာ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)