မိုင်းတုံ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မိုင်းတုံ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းရှိ အစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာပြည်သူ (၁၀) ဦးအား နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် (၂၀,၀၀ဝိ) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၀၀,၀၀ဝိ) ကျပ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မိုင်းတုံခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာပြည်သူ (၁၀) ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ကလည်းကောင်း၊ ခရိုင်ရဲမှူး မင်းသိန်းကလည်းကောင်း၊ ခရိုင်လဝကမှူး ဦးလှအေးကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးကလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုတိယခရိုင်မှူး ဦးသိန်းဇော်ဝင်းကလည်းကောင်း အသီးသီးပေးအပ်ရာ ယာယီနေရပ်စွန်ခွာပြည်သူ (၁၀) ဦးမှ လက်ခံရယူပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)