မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

မိုင်းခတ် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)မှ စာ‌ရေးဆရာ စေတနာလှိုင်၏‌ "ရွှေစည်းကမ်းနှင့်ရွှေနည်းလမ်းများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အ‌ကြောင်း ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းပြောကြားကာ တက်ရောက်လာကြသော Women Club မှ အဖွဲ့ဝင် ဒေါ်ချစ်စုစိုးသန့်က အဆိုပါစာအုပ်မှ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချပါ၊ အဖွဲ့ဝင် ဒေါ်မြင့်မြင့်စန်းက လူငယ်တွေစာများများဖတ်ပါ၊‌ အဖွဲ့ဝင်‌ ဒေါ်မျိုးသီရိလွင်က စာဖတ်နည်းအမျိုးမျိုးခေါင်းစဉ်ပါ စာပိုဒ်များအား ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက စာပေဖတ်ရှုခြင်းအကြောင်းများ အပြန်အလှန် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)