ကာလိ ဖေဖော်ဝါရီ ၁၈
ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ကာလိမြို့ မီးသတ်ဦးစီးဌာနမှ ဟိုပန်ကျေးရွာ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းတို့ကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာလိနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များတို့က စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာ ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ဟိုပန်)၌ ကျောင်းသား/ကျောင်းသူများ မီးဘေးအန္တရာယ်တွေ့ကြုံရပါက ပြုလုပ်ဆောင် ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှမ်းသတ်နည်းများနှင့် ရေစိုအဝတ်စဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများအား သရုပ်ပြဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများအား လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)