တာလေ မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးလင်းဝင်းထိုက်နှင့် ဝန်ထမ်းများက မြို့ပေါ်ရှိဈေးဆိုင်များ၊ ဆေးခန်းများနှင့် တည်းခိုခန်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ထားရှိရမည့် ဆောင်ရန်ရှောင်ရန်ပစ္စည်းများနှင့် မီးသုံးစွဲမှုပုံစံ၊ မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ၊ ပလပ်ခုံများ ကောင်းမကောင်းအစရှိသည်တို့ကို စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေခြင်းသည် နွေရာသီရောက်ပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားခြင်းသည် တစ်ဦးတစ်ရောက်ချင်းတွင် တာဝန်ရှိကြောင်း မိမိတို့ပိုင်ဆိုင်သည့် အဆောက်အဦးများ၊ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်၊ မိမိကိုယ်တိုင် မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ မီးဘေးရှောင်မလောင်ခင်တား ဆိုသည့်အတိုင်း မဖြစ်ခင်က ကြိုတင်စီမံထားပါက ဆုံးရှုံးမှုနည်းပါးနိုင်ခြင်း၊ မီးလောင်လျှင် ကြိတ်မငြိမ်းပဲ ပတ်ဝန်းကျင်ကို အကူညီတောင်းပါ၊ ကျွန်တော်တို့မီးသတ်စခန်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပါ၊ မီးဘေးဆိုတာသည် လူပြုလုပ်တဲ့ ဘေးတစ်ခုပင်ဖြစ်တဲ့ သဘာဝဘေးလည်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်နှင့် သဘာဝဘေးအရင်းအမြစ် အားလုံးကိုဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများသည် လူတိုင်းအပေါ်တာဝန်ရှိသည်ကို သိရှိထားရန်လိုအပ်ကြောင်း မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးလင်းဝင်းထိုက်က အကျယ်တစ်ဝန်း ရှင်းလင်းပြီးနောက် မီးသတ်ဆေးဘူးများ ကောင်း/မကောင်း စစ်ဆေးပြီး၊ မကောင်းသည့်ဆိုင်များကို အသစ်ပြန်လည်အသုံးပြုရန်မှာကြားခဲ့ကြောင်း သိရသည်။
စုမြတ်ထွေး (ပြန်/ဆက်)