ပင်လုံမြို့၌ စံမညီဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပင်လုံ မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ စံမညီဆေးဝါးများနှင့် သက်တန်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံမြို့အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးဝါးများတွင် ဆေးဝါးများ လက်လီလက်ကားရောင်းချသည့် နေရာများစစ်ဆေးခြင်း၊ ဆေးဝါးများတည်ခင်းထားမှုအခြေအနေ၊ အအေးခန်းတွင်ထားရန်လိုသောဆေးဝါးများ ထားရှိခြင်းရှိ/မရှိ၊ စံမညီ​ဆေးဝါးများ ​ရောင်းချခြင်း ရှိ/မရှိ၊ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးများ​ရောင်းချခြင်း ရှိ/မရှိ ၊ သက်တန်းလွန်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးရောင်းချသူဝန်ထမ်းများ ဆေးဝါးရောင်းချမှုသင်တန်းဆင်းလက်မှတ် ရှိ/မရှိတို့ကို ပင်လုံမြို့တိုက်နယ်ဆေးရုံမှ တာဝန်ရှိသူ ဆရာမများ၊ တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး​ဒေါ်စကားဝါတို့က လိုက်လံစစ်ဆေးခဲ့ပြီး ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေစခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)