မိုင်းရှူး မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ကွင်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်း(၉)သင်းက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။ ယင်းနောက် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက် လူငယ်(FC) အသင်းနှင့် ဝမ်လွိုင်(FC) အသင်းတို့က ကွင်းဖွင့်ပွဲအဖြစ်ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဝါသနာရှင်မိဘပြည်သူများ ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို မတ်လ(၁၀) ရက်နေ့မှ ဧပြီလ(၂) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)