ရှမ်းပြည်နယ်

မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းစံမြို့ ထွေအုပ်ရုံးတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်၊၊

လွိုင်လင်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

လဲချားမြို့၏အထင်ကရ နေရာတစ်ခုဖြစ်သော နောင်ခမ်းကန် သာယာလှပရေးအတွက် ကန်ပတ်လည် ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော နောင်ခမ်းကန် သာယာလှပ​ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ကလောမြို့ (၉၃) ကြိမ်မြောက် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမရက်ဖြေဆိုနေမှုကို သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၉၃)ကြိမ်မြောက် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမရက်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မဟာဓမ္မိကာရာမသိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးမင်းမင်းလွင်၊ ကလောခရိုင်၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်ပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ တောင်ခေါင်းပွာကျေးရွာတွင် မြို့နယ်သစ်‌တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈) နာရီခွဲက တောင်ခေါင်းပွာအခြေခံပညာ မူလွန်ကျောင်းဝန်းအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ အ.ထ.က(နမ့်စန်)ကျောင်းတွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥ တိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဝင်းထက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်းပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးအရှေ့ဖက် စည်ပင်သာယာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery and Snack) သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

မိုင်းဆတ်ခရိုင် စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်စီမံကိန်း‌ရေးဆွဲ‌ရေးအ‌ကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်