နမ့်စန်(တ) ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဝင်းထက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်းပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ်စိုးအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာသန်းနိုင်နှင့် ဝင်းထက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။
အဆိုပါ School Milk Programme တွင် KG တန်းမှ Grade-3 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၀)ဦးအား အာဟာရပြည့်နွားနို့ (၄၀)ပိဿာနှင့် ကြက်ဥ (၄၀၀)လုံးတို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)