လဲချား ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော နောင်ခမ်းကန် သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နောင်ခမ်းကန်သည် လဲချားမြို့၏ အထင်ကရနေရာဖြစ်သည့်အတွက် ပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး ရည်ရွယ်၍လဲချားမြို့နယ်အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများက အလှူတော်ငွေများမတည်၍၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အလှူငွေများထည့်ဝင်၍ အဘက်ဘက်က ပြုပြင်မွမ်းမံလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)