ဆီဆိုင် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းပေးသွင်းထားသည့် စာဖြေသံဃာတော် စုစုပေါင်း (၆၇)ပါးအနက် ပထမငယ်တန်း (၁၅)ပါး၊ အခြေပြုမူလတန်း (၃၅)ပါး၊ စုစုပေါင်း စာဖြေသံဃာတော်(၅၀)ပါး ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များအား စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေး၍ စေတနာရှင်၊ အလှူရှင်များမှလည်း ဆွမ်း၊ အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာဖြေသံဃာတော်များအတွက် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)