ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်ပ

ရွာငံ ဇွန် ၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ တောင်ခေါင်းပွာကျေးရွာတွင် မြို့နယ်သစ်‌တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈) နာရီခွဲက တောင်ခေါင်းပွာအခြေခံပညာ မူလွန်ကျောင်းဝန်းအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်ဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်းဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အသီးသီး သတ်မှတ် နေရာများတွင် ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခါတော်မီ၊ ကျွန်၊ မယ်ဇလီ၊ ယူကလစ်၊ ငုရွှေဝါ  သစ်မျိုးစုံပျိုးပင်‌ပေါင်း (၆၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုစုပ်ယူကာ ဓာတ်ငွေ့အချို့ကို ထုတ်လွှတ်ပေးပြီး လေထုသန့်ရှင်းမှုကို မြှင့်တင်ပေးခြင်း၊ မြေဆီလွှာကြွေပြုပ်မှုကို တားဆီးပေးပြီး မြေအောက်ရေဓာတ် ထိန်းသိမ်းပေးနိုင်ခြင်း၊ မိုးရွာသွန်းမှုနဲ့အပူချိန်ကို ထိန်းညှိပေးပြီး ရာသီဥတုအပြောင်းအလဲကို လျှော့ချပေးခြင်း၊ မြေဆီလွှာကောင်းမွန်မှု၊ ရေရှိမှုနှင့် ရာသီဥတုကိုက်ညီမှု စသည့်ကောင်းကြိုးများကြောင့် အလေးထားစောင့်ရှောက်ရန် လိုအပ်လှပေသည်။

မြို့နယ် (ပြန်/ဆက်)