မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးညီညီထွေးက စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနအသီးသီးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုလင်းက စီမံကိန်းနှင့်ပတ်သက်သည့်အကြောင်းအရာများအား ပါဝါပွိုင့်ဖြင့် ဆွေးနွေးတင်ပြခဲ့ရာ ဌာနဆိုင်ရာအသီးသီးက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထက်ထက်(မိုင်းဆတ်)