ရှမ်းပြည်နယ်

လဲချားမြို့နယ် မူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် မူလတန်းလွန်ကျောင်း(ဟိုရင်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ် ၊ စာစောင်များနှင့် ပရိဘောဂများ ထပ်ဆင့်  ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်၊ စာစောင်များနှင့် ပရိဘောဂများအား  မြို့နယ်အတွင်းရှိ  ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက်  ၁၀ နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး၊လိုင်စင်မဲ့‌ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး ကြီးကြပ်စစ်‌ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် တရားမဝင်ကုန်သွယ်မှုတားဆီး‌ ရေးအဖွဲ့မှ ဦးဆောင်ပြီး  တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လင်းခေးမြို့နယ်၌ ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံ တောင်ပြိုမြေပြိုမှုများကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး အောင်တော်မူစေတီတော်အား ဖူးမျှော်ကြည်ညို

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နေမိန္ဓရကုန်းတော်ရှိ အောင်တော်မူစေတီတော်အား ယနေ့နံနက် ၈ နာရီခွဲက ဖူးမျှော်ကြည်ညိုသည်။

ပင်းတယမြို့နယ်၌ ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၄ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မူ) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည် စူဠဘွဲ့နှင်းသဘင် အခမ်အနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပဥ္စမနေ့ ယှဥ်ပြိုင်နေမှု တက်ရောက်ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပဉ္စမနေ့ ပွဲစဥ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားက စားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အပတ်စဥ် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ၁/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်(၈)နာရီက တောက်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အပြင်ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာများမှ အပတ်စဥ်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်