မိုင်းပန် ဇွန် ၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် သီးနှံပျက်စီးခဲသော တောင်သူများအားထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲတွင် လယ်ယာမြေဥပဒေ/နည်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ မိုင်းပန်မြို့နယ်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် အတူ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တောင်သူလယ်သမားများတက်ရောက်ခဲ့ပြီး မြို့နယ်လယ်ယာမြေစီ မံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှုး ဦးတင်ကိုလတ်မှ တောင်သူလယ်သမားများ သိသင့်သိထိုင်သော လယ်ယာမြေ/ဥပဒေနည်း ဥပဒေ ဆိုင်ရာကိစ္စများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)