မိုင်းပန်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မိုင်းပန်     ဇွန်    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဝိုးလိုင်းကျေးရွာအုပ်စု၊ (၃)မိုင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းနှင့် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမိုး နှင့်ဒေသခံပြည်သူများထံပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျွန်း (၆၀၀)၊ မဟော်ဂနီ(၂၀၀)၊  စိန်ပန်းနီ(၂၀၀)၊ မယ်ဇလီ(၂၀၀) စုစုပေါင်း (၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)