ဆီဆိုင် ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် မြို့မဈေးနေရာ၌ ယာယီဈေးတည်ဆောက်နေမှုအား ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဈေဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယာယီဈေးကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၃၇၉.၈၉၇)ဖြင့် ကံကော်ဖူးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ရာ မြို့မဈေးနေရာတွင် အဆောင်(၁၈)ခု၊ ဆိုင်ခန်း(၃၈၂)ခန်းပါဝင်သော ယာယီဈေး ဆောက်လုပ်နေမှုလုပ်ငန်းသည် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဆိုင်ခန်းများအား စနစ်တကျနေရာချပေးကာ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိပြီဖြစ်သည်။ အဆိုပါမြို့မဈေးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး မြို့မဈေးအား ယာယီဈေးဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပြီး ယခုအခါဒေသခံပြည်သူများ ဈေးရောင်း ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)