လဲချား ဇွန် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြေစိုက်နံရံကပ်စာစောင်ပြသခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ မြေစိုက်နံရံကပ်စာစောင်ပြသရာတွင် ယခုလအတွက် မူးယစ်ဆေးဝါးအသိပညာပေးများ၊ လူကုန်ကူးမှုအန္တရာယ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ထားရှိမှုအပေါ် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်းနှင့် မြေစိုက်နံရံကပ်စာစောင်ပြသခြင်းများအား တစ်လနှစ်ကြိမ် လဲလှယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)