မိုင်းဖြတ်မြို့နယ်၌ ရေလွှဲဆည်တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဝမ်လွေ့ကျေးရွာအနီး၊ နမ့်ဖတ်ချောင်း၌ စိုက်ပျိုးရေရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့သည်။