မိုင်းဖြတ်မြို့နယ်၌ ရေလွှဲဆည်တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဝမ်လွေ့ကျေးရွာအနီး၊ နမ့်ဖတ်ချောင်း၌ စိုက်ပျိုးရေရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများသည် မြို့နယ်ဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ‌ငွေ (၁၆၀)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် နမ့်ဖတ်ချောင်းပေါ်ရှိ အလျား ၆၀ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၅ ပေ၊ ၆ လက်မ အတိုင်းအတာရှိ ကျောက်စီသံကူကွန်ကရစ်အမျိုးအစား ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်အင်ဂျင်နီယာ (မြို့ပြ)ဦး​ကောင်းမြတ်​​ဇော်က လုပ်ငန်းများဆောင်ရွက်​နေသည့် အ​ခြေအ​နေများကို ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရေလွှဲဆည်အနီးရှိ စိုက်ပျိုးမြေ ၂၁၀ ဧကအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)