ဟိုပုံးမြို့၌ အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ဟိုပုံး ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်အတွက် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပတ်ဝန်းကျင်၏ အဓိပ္ပာယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးကြီးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ အမျိုးသမီးများအနေဖြင့် အိမ်မှာနေရင်း ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဘယ်လိုထိန်းသိမ်းနိုင်သလဲ ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများအား ပလတ်စတစ်အန္တရာယ်နှင့် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)