သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၏ စတုတ္ထအကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် ဒုတိယအကြိမ်မြောက် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ် ပေးအပ်
သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၏ စတုတ္ထအကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် ဒုတိယအကြိမ်မြောက် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပသည်။