မူဆယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေးစာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြသ

မူဆယ် ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိပြီး စာဖတ်သော အလေ့ကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီတွင် ကျောင်းသား လူငယ်များကို အသိပညာပေး စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးစာဖတ်ဝိုင်းတွင် ကျောင်းသားလူငယ်များ ကြိုက်နှစ်သက်သည့်ကြသည့် စာအုပ်များကို ဖတ်ရှုကြပြီး အချင်းအချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များတွင် ပါရှိသည့် မူးယစ်ဆေးဝါးအမျိုးအစား ဓာတ်ပုံမှတ်တမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးစာစောင်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်အချက်များ၊ ကျန်းမာရေးအသိပညာပေး စာစောင်များကို  စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ကလေးစာဖတ်ခန်းအတွင်း၌ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်းများကို ပြုလုပ်ပေးခဲ့ရာ ကျောင်းသားလူငယ်များ ပျော်ရွှင်စွာ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(ပြန်/ဆက်)